စမ်းချောင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

စမ်းချောင်း ဩဂုတ် ၁၀            

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်း မြို့နယ်၌ အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်း လုပ်ငန်းကို ယမန်နေ့က  ကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် လူ၀င်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ၀န်ထမ်းများက အငြိမ်းစားနိုင်ငံ့‌၀န်ထမ်းများ ပင်စင် ထုတ်ယူရာတွင်ပိုမိုလွယ်ကူ လျင်မြန်စေရန် UID ကတ်များ ဆောင်ရွက်‌ပေးလျက်ရှိရာ သက်ကြီးဘိုးဘွားများနှင့် သွားလာရခက်ခဲသူတွေအတွက် UID ကောက်ယူခြင်းကို အိမ်တိုင် ယာ‌‌ရောက်  သွားရောက် ဆောင်ရွက်ခဲ့ကြပြီး အဖိုး၊ အဖွား (၁၀)ဦး ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)