တိုက်ကြီး ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (မြို့မ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး အထက်တန်းပြဆရာမ ဒေါ်အေးအေးသန်းက လူကုန်ကူးမှုတိုက်ဖျက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့မရဲစခန်းမှ ဒုရဲအုပ်ညီညီအောင်က လူကုန်ကူးမှုအဓိပ္ပာယ်၊ လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုခံရခြင်း၏ ဆိုးကျိုးများ၊ လူကုန်ကူးမှုမခံရအောင် ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ဟောပြောသည်။
ထို့နောက် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေးဇာတ်လမ်းတို သရုပ်ပြတင်ဆက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)