ရန်ကုန် ဩဂုတ် ၁၀
မြန်မာလက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းနှင့် အင်ဒိုနီးရှား လက်ရွေးစင် ယူ-၂၀ အမျိုးသမီး အသင်းတို့၏ AFC U20 Womens Asian Cup 2026 Thailand(Qualifiers) ခြေစစ်ပွဲစဉ်ကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။
ထိုသို့ မြန်မာလက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းနှင့် အင်ဒိုနီးရှား လက်ရွေးစင် ယူ-၂၀ အမျိုး သမီး အသင်းတို့၏ AFC U20 Womens Asian Cup 2026 Thailand(Qualifiers) ခြေစစ်ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ဘောလုံးပရိတ်သတ်များက ကြည့်ရှုအားပေးကြရာ ပွဲပြီးဆုံးချိန်တွင် မြန်မာလက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းမှ(၂)ဂိုးနှင့် အင်ဒိုနီးရှား လက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းမှ(၂)ဂိုးဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။
မြန်မာလက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းသည် AFC U20 Womens Asian Cup 2026 Thailand(Qualifiers) ယူ-၂၀ အမျိုးသမီး ခြေစစ်ပွဲစဉ် အုပ်စု(D)တွင် တာ့ခ်မင်နစ္စတန်၊ အင်ဒို နီးရှားနှင့် အိန္ဒိယအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး (၂)ပွဲကစားအပြီးတွင် ရမှတ်(၄)မှတ် ရရှိကာ ကျန်ပွဲစဉ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၀)ရက်နေ့တွင် အိန္ဒိယလက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)