လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်

လှိုင်သာယာ(အနောက်) သြဂုတ် ၉

“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်နိုင်စေရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အမှတ် (၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည်။

အခမ်းအနားသို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းနိုင်နှင့် ဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ရှိရပ်ကွက်အတွင်းမှာ နေထိုင်သူများ အခြားမြို့နယ်များမှ ပြောင်းရွှေ့လာကြသည့် ပြည်သူများကို နိုင်ငံသားသတ်မှတ်ချက်နှင့်အညီ ပြုလုပ်ဆောင်ရွက်ကာ နိုင်ငံသားဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ချက်နှင့်အညီ စာရွက်စာတမ်းများ မပြည်စုံသည့်သူများကိုလည်း သက်ဆိုင်ရာဌာနမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသလို သက်ဆိုင်ရာဌာနများအား ပြည်သူများ ကပူးပေါင်းကူညီဆောင်ရွက်ကြလျှင် မည့်သည့်လုပ်ငန်းမဆို အောင်မြင်မှာဖြစ်တဲ့အတွက် ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခြင်း၊ ပန်းခင်းစီမံချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်ပတ်သက်ပြီး အသိပညာပေး ရှင်းလင်းပြောကြားသည်။

ထို့နောက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ထားသူများအား တက်ရောက်လာကြသည့် တာဝန်ရှိများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)