မင်္ဂလာဒုံ ဩဂုတ် ၇
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ မင်္ဂလာဒုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးသန်းလွင်စိုးနှင့် ဝန်ထမ်းများသည် ချစ်တီးကုန်းရပ်ကွက်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါချစ်တီးကုန်းရပ်ကွက်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရာတွင် အမတနံပါတ် ၃ ခေါက်ချိုးကတ် ကိုင်ဆောင်ထားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများမရှိသူ အသက်(၁၆)နှစ်နှင့် အသက်(၁၈)နှစ်ကြား၊ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်းဦးစီးမှုးရုံးမှ ရပ်ကွက်တိုက်နယ်မှူး လဝကမှူး ဦးသန်းလွင်စိုးနှင့်ဝန်ထမ်းများက မြေပြင်ကွင်းဆင်းကာ ရပ်/ကျေးစာရေးများနှင့်ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
မင်းသိန်းထွန်း