ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဇော်ဂျီမြစ်အတွင်း ငါးမျိုးကောင်ရေ နှစ်သိန်းစိုက်ထည့်

ကျောက်ဆည် ဩဂုတ်  ၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ  ငါးမျိုးပြန့်ပွားရေး၊ ငါးမျိုးထိန်းသိမ်းရေးနှင့် ငါးစားသုံးသူဖူလုံစေရန် ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့မင်းရဲဆည် ဇော်ဂျီမြစ်အတွင်း  ငါးမျိုးစိုက်ထည့်သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေနှင့်ဝန်ထမ်းများ၊ ဌာာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်းပြီး ဇော်ဂျီမြစ်အတွင်း ငါးမျိုးများစိုက်ထည့်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ မင်းရဲဆည်ဇော်ဂျီမြစ်အတွင်း သဘာဝရေပြင်သို့ ငါးမြစ်ချင်းကောင်ရေတစ်သိန်းနှင့် ငါးခုံးမကောင်ရေတစ်သိန်း၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေနှစ်သိန်းတို့ကို ငါးသယံဇာတ တိုးပွားရေးနှင့် ငါးမျိုးမပြုန်းတီးရေး၊ ပြည်သူများငါးစားသုံးမှုဖူလုံစေရန် ရည်ရွယ်၍ ငါးမျိုးများ စိုက်ထည့် ခြင်းဖြစ်ကြောင်း သိရသည်။

 တင်တင်ထွေး