မြစ်သား သြဂုတ် ၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်နှင့် ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများကို ဗီတာမင်အေတိုက်ကျွေးခြင်း၊ သံချဆေး တိုက်ကျွေးခြင်းနှင့်ဆရာ/ဆရာမများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဩဂုတ် ၈ ရက်က ဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းကျန်းမာရေးသီတင်းပတ်အနေဖြင့် မြို့ပေါ်ရှိ အခြေခံကျောင်းများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် ဘူတာ ရပ်ကွက်ရှိ မူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား ဗီတာမင်အေ တိုက်ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်းနှင့် ဆရာ/ဆရာမများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းတို့ကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)