ပြည်ကြီးတံခွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့ဝင်များလုပ်ငန်းညှိနှိုင်း

ပြည်ကြီးတံခွန် ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး‌တံခွန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဌဦးဝင်းထွန်းကျော်က မြို့နယ်ကော်မရှင် အဖွဲ့ဝင်များအနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်ရေးအတွက် မဲစာရင်းပြုစုခြင်းလုပ်ငန်းသည် အဓိကကျသဖြင့် ဝိုင်းဝန်း ဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း၊ မဲပေးစက်ကိုင်တွယ်အသုံးပြုပုံများ ကျွမ်းကျင်တတ်မြောက်ရမည်ဖြစ်ကြောင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ အတွင်းရေးမှူး ဦးမင်းစိုးနိုင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား စနစ်သစ်အချိုးကျကိုယ်စားပြုစနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း မဲရုံပေါင်း(၈၅)ရုံနှင့်မဲပေးစက် (၃၉၄)လုံး ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပါသည်။ ဆက်လက်ပြီး မြို့နယ်ကော်မရှင်‌အဖွဲ့ခွဲဝင်များက မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများကို  မေးမြန်းဆွေးနွေး ခဲ့ရာ မြိုနယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက လိုအပိသည်များ ဖြည့်စွက်ရှင်းလင်း‌ ဖြေကြားခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်