မြင်းခြံဗဟိုအကျဉ်း‌ထောင် ဥယျာဉ်ခြံထွက် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ

မြင်းခြံ ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံဗဟိုအကျဉ်းထောင် ဥယျာဉ်ခြံမှ ထွက်ရှိသော ဟင်းသီး ဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ဝန်ထမ်းများအား ရောင်းချပေးခြင်းကို ယနေ့ နံနက်  ၉ နာရီခွဲက မြင်းခြံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရောင်းချပေးသည်။

“မြင်းခြံဗဟိုအကျဉ်းထောင်ရှိ ဝန်ထမ်းများနှင့် မိသားစုများ၏ သက်သာချောင်ချိရေးနှင့် စားဝတ် နေရေး အဆင်ပြေစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ဆောင် ရွက်ကာ အကျဉ်းထောင်တောင်ယာမှ ထွက်ရှိသော အသီးအနှံဖြစ်သည့် ရုံးပတီသီး၊ ကန်စွန်း ရွက်၊ ချဉ်ပေါင်ရွက်၊ ဟင်းနုနွယ်ရွက်များအပြင် ကြက်သား၊ ကြက်ဥများကို ဝန်ထမ်းများနှင့် အခြားမိတ်ဖက်ဌာနများကိုလည်း သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခြင်း ဖြစ်ပါ တယ်” ဟု မြင်းခြံဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ချိုက ပြောသည်။

အဆိုပါ မြင်းခြံဗဟိုအကျဉ်း‌ထောင် ဥယျာဉ်ခြံထွက် ဟင်းသီးဟင်းရွက်များအား သက်သာ သော ဈေးနှုန်းများဖြင့် ဝန်ထမ်းများအား ရောင်းချပေးနေမှုကို မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)