‎မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်၌ မန်ကျည်းကွေးပင် လဲကျ

မဟာအောင်မြေ ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၌ ယမန်နေ့ညနေပိုင်းက မိုးရွာသွန်းမှုကြောင့် ၉၀ လမ်း၊ ၄၀x၄၁  လမ်းကြားတွင် လုံးပတ် ၃ ပေ၊ အမြင့် ၂၀ ခန့်ရှိသော မန်ကျည်းကွေးပင်လဲကျ၍ လမ်းပေါ်တွင် ပိတ်နေကြောင်း သိရသည်။

အဆိုပါ မန်ကျည်းပင်လဲကျရာနေရာသို့ မဟာအောင်မြေမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဉီးစီးမှူး ဉီးဖြိုးပြည့်စုံ ဉီးဆောင်၍ မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ စိန်ပန်း အရန်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊  သန္ဓေ ၅ ဉီး၊ အရန် ၅ ဉီးတို့ဖြင့် ရှင်းလင်းရေးများဆောင်ရွက်နိုင်ခဲ့ပြီး လူနှင့်တိရစ္ဆာန် သေဆုံးမှုမရှိကြောင်း သိရသည်။

အောင်ဇော်မင်း