ညောင်ရွှေ ဩဂုတ် ၈
၂၀၂၅-ခုနှစ် ပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာဝင်းက ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က လူငယ်နှင့် အသိပညာဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ခင်းကျင်းပြသထားသည့် လူငယ်အသိပညာပေးနံရံကပ်စာစောင်နှင့် လူငယ်အသိပညာပေးစာအုပ်စာစောင်ပြပွဲတို့ကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ