ကွမ်းခြံကုန်းမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထက်တန်းအဆင့် အာဟာရအုပ်စု (၃)စု ချက်ပြုတ်နည်းပြိုင်ပွဲ ကျင်းပ

ကွမ်းခြံကုန်း ဩဂုတ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထက်တန်းအဆင့် အာဟာရအုပ်စု (၃)စု ချက်ပြုတ်နည်းပြိုင်ပွဲကို တော်လန်းကျေးရွာ၊ အ.ထ.က ပညာရတနာခန်းမ၌ ဩဂုတ် ၄ ရက်က ကျင်းပြုပလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ် ပညာရေးမှူး ဒေါ်အေးသန္တာစိုးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ အကဲဖြတ်ဒိုင်အဖြစ် ကျန်းမာရေးဦးစီးဌာနမှ ဆရာမ(၂)ဦး၊ ကျောင်းဆရာမ(၂)ဦး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(၂)ဦး စုစုပေါင်း(၆)ဦးတို့မှ ပြိုင်ပွဲဝင်သည့်အသင်းများအား စိစစ်အကဲဖြတ်၍ အမှတ်ပေးခဲ့ပြီး အထက(ခွဲ) ဒရယ်လူးကျောင်းက ပထမဆု၊ အ.ထ.က တော်လန်းကျောင်းက ဒုတိယဆုရရှိခဲ့ကြောင်း သိရသည်။ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲအခမ်းအနားသို့ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ပြည့်စိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာစိုး၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း‌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား/သူများ၊ တက်ရောက်ကြကြောင်းပြီး စုပေါင်းဓါတ်ပုံမှတ်တမ်း ရိုက်ကူးခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)