ရန်ကုန် သြဂုတ် ၇
Nature Link Pay Company Limited က ကြီးမှူးကျင်းပသည့် (၃၂) ကြိမ်မြောက် Trusty Pay Lucky Draw Live အခမ်းအနားဖွင့်လှစ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဆူလေးဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ The Eravati Sule Grand Hotel မှာ ကျင်းပသည်။
အခမ်းအနားတွင် Chief Technical Officer (CTO) ဒေါ်မြရတနာစိုးက အဖွင့်အမှာစကား ပြောကြားပြီး MTB Bank ၏ CEO ဦးဝင်းလွင် U Win Lwin နှင့် MD U Thaw Zin Latt တို့က မှတ်တမ်းတင်ကျေးဇူးစကား ပြောကြားကြသည်။
ထို့နောက် Presenter မှ 32th Lucky Draw Live စတင်ပြောကြားခြင်း၊ ပါဝင်သောဆုများအကြောင်း ရှင်းပြခြင်း၊ မြန်မာအကအလှများဖြင့် ဖျော်ဖြေခြင်း၊ ဆုမဲဖောက်ပေးခြင်း၊ 20000 ကျပ် (100) ဆုမဲဖောက်ပေးခြင်း၊ 30000 ကျပ် (50) ဆုမဲဖောက်ပေးခြင်း၊ ပထမဆု သိန်း (၅၀) ကျပ် ဆုမဲဖောက်ပေးခြင်း။ Merchant ဖြစ်သည့် Kilo Taxi အကြောင်း ပြောကြားခြင်းနှင့် Kilo Taxi အတွက် ဆုမဲဖောက်ပေးခြင်း၊ Meter Bill Lucky Draw Program အတွက် 10000ကျပ် (200) ဆု မဲဖောက်ပေးခြင်း၊ The Eravati Sule Grand Hotel မှာ တစ်ညတည်းခိုခွင့် Gift Voucher (2) စောင် မဲဖောက်ပေးခြင်း၊ ပွဲတက်လာသူများအတွက် ဆုမဲများ မဲဖောက်ပေးခြင်း၊ တတိယဆု (၂) သိန်းကျပ်ဆု ဆုမဲဖောက်ပေးခြင်း၊ ဒုတိယဆု (၃) သိန်းကျပ် ဆုမဲဖောက်ပေးခြင်း၊ Meter Bill ပေးဆောင်သူ များအတွက် ဆုမဲဖောက်ပေးခြင်း၊ တတိယဆု ၁၀ သိန်းကျပ်နှင့် ဒုတိယ ၂၀ သိန်းကျပ် ဆုမဲဖောက်ပေးခြင်း၊ Trusty Pay ဆုမဲများ ဖောက်ပေးခြင်း။ ပွဲတက်လာသူများအတွက် ဆုမဲများ မဲဖောက်ပေးခြင်း၊ ပထမဆု (၅) သိန်းကျပ် ဆုမဲဖောက်ပေးခြင်း၊ Meter Bill ပေးဆောင်သူများအတွက် ဆုမဲဖောက်ပေးခြင်း၊ ပထမဆု သိန်း (၅ဝ) ကျပ် ဆုမဲဖောက်ပေးခြင်း၊ တေးသံရှင်နေမင်းအိမ်နှင့် Unplugged Band တို့က သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
အောင်မြင့်(ပြန်/ဆက်)