မန္တလေး ဒီဇင်ဘာ ၁၈
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊၂၄လမ်းနှင့် ၈၃လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)မန္တလေးကို တစ်ပတ်ကြာပိတ်ထားရာမှ ယမန်နေ့က ပြန်လည်ဖွင့်လှစ်၍ ပုံမှန်အတိုင်းဘဏ်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)မန္တလေးတွင် ဝန်ထမ်းတစ်ဦး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သဖြင့် မြို့နယ်ကိုဗစ်၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်အရ ဘဏ်အဆောက်အအုံအား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ့စီးပွားရေး ဘဏ်ခွဲ(၂)မန္တလေးအား ဒီဇင်ဘာ၁၀ ရက်နေ့မှ ဒီဇင်ဘာ၁၆ရက်နေ့အထိ တစ်ပတ်ကြာပိတ်ထားခဲ့ပြီး ဘဏ်လုပ်ငန်းများကို ခေတ္တရပ်နားထားရာမှ ဒီဇင်ဘာ၁၇ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဘဏ်လုပ်ငန်းများကို ပုံမှန်အတိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်လင်းဦး (အောင်စံ)