ကလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကလော ဩဂုတ် ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့၊ မိခင်နှင့်ကလေး‌ စောင့်ရှောက်ရေးအသင်းအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို "နိုင်ငံ၏အနာဂတ်နှင့်လူငယ်များ၏တာဝန် "ခေါင်းစဉ်ဖြင့် ယနေ့ နံနက် ၉ နာရီက ကလောမြို့အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(လ-၁)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ ကလောမြို့နယ်အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ ၂၉ ဦးတို့က "နိုင်ငံ၏အနာဂတ်နှင့်လူငယ်များ၏တာဝန် " ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကိုယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပခဲ့သည်။

ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ကလောမြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းဆီက အမှာစကားပြောကြားခဲ့ပြီး အမှတ်ပေးဒိုင်အဖွဲ့မှ‌တာဝန်ရှိသူက အမှတ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသက်လှိုင်၊ ဒုတိယဆုကို မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းဆီ၊ တတိယဆုကို၊ ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်နန်းဥမ္မာအုန်း၊ နှစ်သိမ့်ဆုရှိသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ဦးစီးအရာရှိ ဦးခွန်အာကာထွန်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(လ-၁) ကျောင်းအုပ်ဆရာကြီး ဦးနိုင်ထက်လင်းတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ရသ စာအုပ်၊ စာစောင်များပြသခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဝိုင်းဝန်းကူညီစောင့်ရှောက်ပေး အသိပညာပေးနံရံကပ်စာစောင်များအားပြသခဲ့ရာ ကျောင်းသား/သူများတို့က စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)