ကျေးသီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့(အကြို) လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျေးသီး ဩဂုတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့(အကြို) လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ  မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်စန်းစန်းယဉ်က ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး လူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များနှင့်သက်ဆိုင်သည့် အသိပညာအတတ်ပညာများအကြောင်း၊ အထွေထွေဗဟုသုတများအကြောင်း၊ စာအုပ်စာပေများဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် အသိပညာပေးအကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်းငင်း(ပြန်/ဆက်)