ပုံပါကျင် ဩဂုတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ အ.မ.က ဟွေအောကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းကော်မတီဝင်များနှင့် ရပ်မိ/ရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.မ.ကဟွေအော(ပုံပါကျင်)ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းဆတ်မြို့၊ မြို့ဦးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးဦးပဏ္ဍိတက ဝါဆိုသင်္ကန်းကပ်လှူရခြင်းနှင့် မြတ်သောအလှူဒါန၏ လှူဒါန်းရရှိပုံများအား ချီးမွမ်းပြောဆိုခြင်း၊ သီလဆောက်တည်ခြင်းများကို ဆောင်ရွက်ကြပြီး ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်အစုစုတို့ကို ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဝင်းအိ(ပြန်/ဆက်)