စဉ့်ကိုင် ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် (ဒုတိယပတ်) လှုပ်ရှားမှုကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့သစ်ရပ်ကွက်အတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဦးဆောင်ကာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်တို့နှင့်အတူ မြို့သစ်ရပ်ကွက်အတွင်းရှိ အသက် (၆)နှစ်မှ (၁)နှစ်ထိ ကလေးငယ် (၁၂)ယောက်နှင့်၊ အသက်(၁)နှစ်မှ (၅)နှစ်အောက် ကလေးငယ် (၉၅) ယောက်တို့အား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်(ဒုတိယပတ်) လှုပ်ရှားမှုအဖြစ် ဗီတာမင်အေ အားဆေးနှင့် သံချဆေးများ တိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန် ပေါင်ချိန်ခြင်းနှင့် လက်မောင်းလုံး ပတ်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး ဆက်လက်၍ တတိယပတ်၊ စတုတ္ထပတ်များတွင်လည်း လှုပ်ရှားမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
ကျော်စွာ(စဉ့်ကိုင်)