မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်

မန္တလေး ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ နံနက် ၁၁ နာရီက သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်း သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ယခုလိုသင်တန်းများ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မဟာအောင်မြေမြို့နယ်၊ ဦးစီးအရာရှိ သင်တန်းနည်းပြ ဦးမြင့်သိန်းစိုးက သတင်းဗီဒီယိုပြုလုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ သတင်းဗီဒီယို ရိုက်ကူးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ လက်ကိုင်ဖုန်းဖြင့် Power Director၊ Kine master ဖြင့် သတင်းဗီဒီယို ပြုလုပ်ပုံ အဆင့်ဆင့်အား အသေးစိတ် သင်ကြားပြသပေးခဲ့ရာ တက်ရောက်လာသည့် သင်တန်းသား/သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းကာ လက်တွေ့လုပ်ဆောင်ခဲ့ကြပြီး အဆိုပါ သင်တန်းသို့ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ပြန်/ဆက်)