မိုင်းပျဉ်း ဩဂုတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပျဉ်း−မက်မန်းလမ်းပေါ်တွင် ၂၀၂၅ ခုနှစ် ယနေ့နံနက် (၈)နာရီအချိန်က တောင်ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် သြဂုတ်လ (၅)ရက်နေ့မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းဦးစီးဌာန၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မိုင်းပျဉ်း−မက်မန်းလမ်း (မိုင်းပျဉ်းမြို့နယ်အပိုင်း)တွင် ယနေ့နံနက် (၈)နာရီအချိန်ခန့်က မိုင်(၁၇/၆.၁၇/၇) (ယန်းဟိုင်းရွာနှင့် ဝမ်တာခက်ရွာကြား)၊ အလျား (၇၀ပေ)၊ အကျယ် (၃၀)ပေ၊ အမြင့် (၃၅)ပေ တောင်ပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ပြိုမှုဖြစ်ပွားရာ၌ ယာဉ်များသွားလာမှု ခေတ္တပိတ်ထားလျက်ရှိပြီး လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) (၁)ဦး၊ အငယ်တန်းအင်ဂျင်နီယာ(၂) (မြို့ပြ) (၁)ဦး၊ လမ်းလုပ်သား (၁၀)ဦး၊ Loader (၁)စီးနှင့် Mini Excavator (၁)စီးတို့ဖြင့် အမြန်ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူနှင့်မော်တော်ယာဉ်များ ထိခိုက်မှုမရှိကြောင်းနှင့် လမ်း၊ တံတားများ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)