မိုင်းပျဉ်းမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် မြို့နယ်အဆင့်  စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

မိုင်းပျဉ်း သြဂုတ် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက  မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ  ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သော အ.ထ.က မိုင်းပျဉ်း၊ အ.ထ.က−တုံတာ၊ အ.ထ.က−မိုင်းမန်း၊ အ.ထ.က−မိုင်းပုအွန်၊ အ.ထ.က(ခွဲ)−မိုင်းပျဉ်းနှင့် မူလွန်−ဝမ်ယန်းကျောင်းတို့မှ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး Grade-11 တွင် (၆)ဦး၊ Grade-10 တွင်(၄) ဦး၊ Grade-8 တွင် (၂) ဦး၊ Grade-7 တွင် (၄) ဦး၊ Grade-6 တွင် (၅) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၁)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မိုင်းပျဉ်းမြို့နယ် ပညာရေးဌာနမှ ဆုချီးမြှင့်ခြင်းအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)