မိုးနဲ ဩဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယကျောင်းတိုက် ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်း(မူလွန်)ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေနှင့် ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက လူငယ်များနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့သည်။ အဆိုပါဟောပြောပွဲ ဆောင်ရွက်လိုက်ခြင်းကြောင့် စာသင်သားကိုရင်များ၊ ကျောင်းသူများအနေဖြင့် အတွေ့အကြုံအသစ်များရရှိခြင်း၊ အသိပညာဗဟုသုတများရရှိခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ကိုယ်ရည်ကိုယ်သွေးများ တိုးတက်လာခြင်း အစရှိသည့်အကျိုးကျေးဇူးများအပြင် တစ်ဦးနှင့်တစ်ဦး အသိပညာများ ဖလှယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြန်သူ့စာကြည့်တိုက်ရှိ ဗဟုသုတတိုးပွားစေမည့် စာအုပ်စာစောင်များဖြင့် စာအုပ်ပြပွဲ ပြုလုပ်ပေးခြင်း၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ဇင်ကိုကို