မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

စဉ့်ကိုင် ဩဂုတ် ၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်တက္ကသိုလ်နှင့် အမှတ်(၁၈)မူးယစ်တပ်ဖွဲ့စု(မန္တလေးတောင်ပိုင်း)တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို  ဩဂုတ် ၆ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ THEATRE ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် အမှတ်(၁၈)မူးယစ်တပ်ဖွဲ့စု မန္တလေးတောင်ပိုင်း ရဲမှူး နိုင်အောင်ခိုင်က  မူးယစ်ဆေး၏ အဓိပ္ပာယ်၊ မူးယစ်ဆေးဝါး၏ ဘေးထွက်ဆိုးကျိုးအန္တရာယ်များ၊ ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ၊ ပြစ်မှု/ပြစ်ဒဏ်များ၊ ဥပဒေပုဒ်မများ စသည်တို့ကို ရှင်းလင်း ဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး လက်ကမ်း စာစောင်များကို တက်ရောက်လာကြလာသူများအား (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်းနှင့်  ကျောက်ဆည်တက္ကသိုလ်မိသားစုမှ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)