နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်‌တည်ဆောက်ရေးနှင့် တည်ဆောက်ဆဲလုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဩဂုတ် ၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သော နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာ(၅၂)လုံး အသစ်ပြန်လည်‌တည်ဆောက်ရေးနှင့် နေပြည်တော်ကောင်စီ၏ ဆောင်ရွက်ဆဲ ဝန်ထမ်းအိမ်ရာ(၁၄)လုံး တည်ဆောက်ခြင်းလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်များအား ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ အဆောက်အဦများ အသစ်တည်ဆောက်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအား ငလျင်ဘေးဒဏ်ခံနိုင်ရည်ရှိစေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး၊ အဆောက်အဦများဆောက်လုပ်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် SOP နှင့် အညီဆောင်ရွက်ရေးနှင့် (Soil Test) မြေစမ်းသပ်မှုများစနစ်တကျ ဆောင်ရွက်ရေး၊  ယာယီအဆောက်အဦများတွင် နေထိုင်လျက်ရှိသော ဝန်ထမ်းမိသားစုများ ပြန်လည်နေထိုင်နိုင်ရေးအတွက် လုပ်ငန်းများအမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက်ရေး၊ အဆောက်အဦများ ဆောက်လုပ်စဉ်ကာလအတွင်း Task Force အဖွဲ့များ၊ Quality Control အဖွဲ့များမှလည်း အမြဲမပြတ်စစ်ဆေးကြပ်မတ်ဆောင်ရွက်ရေး၊ ဆောက်လုပ်ဆဲအဆောက်အဦများတွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဆေးဆောင်ရွက်ပြီးပါက လုပ်ငန်းများ အမြန်ပြီးအောင် ဆက်လက်ဆောင်ရွက်ရေး၊ အဆောက်အဦများဆောက်လုပ်မည့် ကုမ္ပဏီများမှ လုပ်ငန်းသုံးပစ္စည်းများအား အမြန်‌ရောက်ရှိ‌စေရေးနှင့် အရည်အသွေးပြည့်မီစေရေး၊ အင်ဂျင်နီယာများနှင့် လုပ်သားအင်အားပြည့်စုံစေရေး၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို အချိန်နှင့်တပြေးညီတင်ပြပေးရန်နှင့် တာဝန်ရှိသူများမှလည်း ချက်ချင်းဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေးတို့ကို ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)