နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မူလတန်းကြိုကျောင်းများ ထူထောင်ခွင့်ပြုမိန့် သက်တမ်းတိုးမြှင့်ခွင့်ရရှိရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဩဂုတ် ၇

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ အပြုံးပန်းမူကြို‌ကျောင်း၊ မိုးရင်ခွင်မူလတန်းကြိုကျောင်းနှင့် လယ်ဝေးမြို့နယ်အတွင်းရှိ WEE KIDS မူကြိုစသည့် မူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့် ဒုတိယအကြိမ်သက်တမ်းတိုးမြှင့်ခွင့်ရရှိနိုင်ရေး  ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဝင်က တည်ထောင်ခွင့်ပြုမိန့်ရရှိထားသော ကျောင်းများအား သက်တမ်းမကုန်မီသက်တမ်းတိုးများ လျှောက်ထားနိုင်ရေးအတွက် အသိပေးခြင်းများပြုလုပ်သွားရန်၊ ကလေးငယ်များအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး သင့်လျော်သော စာသင်ခန်း၊ ကစားကွင်းများ၊ သန့်ရှင်းသောသောက်ရေနှင့် ကောင်းမွန်သော ကျန်းမာရေးစနစ်များထားရှိ‌ပေးရန်၊ မူကြိုပညာရေးသည်ကလေးငယ်များ၏ အနာဂတ်ဖွံ့ဖြိုးရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သောကြောင့် ၎င်းတို့၏အရည်အသွေးကိုမြှင့်တင်‌ဆောင်ရွက်ပေးရန်၊ ကျောင်းသုံးပစ္စည်းများပြည့်စုံစွာထောက်ပံ့ပေးရန်နှင့် မိဘများအားပညာရေးတွင်ပိုမိုပါဝင်လာစေရေး အလေးထားဆောင်ရွက်သွားရန်၊ သင်ကြားရေးနှင့်သင်ယူမှုပတ်ဝန်းကျင်ကောင်းမွန်စေခြင်းဖြင့် ကလေးဗဟိုပြုသင်ခန်းစာများ၊ နည်းပညာနှင့်အညီခေတ်မီပညာရေးနည်းစနစ်များကို ကလေးများအရွယ်နှင့်ကိုက်ညီစွာမိတ်ဆက်သင်ကြားပေးရေးနှင့် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြ‌စေလိုကြောင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)