ကျိုင်းတုံမြို့တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric UID အချက်အလက်အား ကွင်းဆင်းဆောင်ရွက်

ကျိုင်းတုံ ဩဂုတ် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ကျိုင်းတုံမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းနှင့် Biometric UID အချက်အလက်အား တစ်ပါတည်းကောက်ယူဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ ဇေတဝန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးရာတွင် အသက်(၁၆)နှစ်နှင့် အသက်(၁၈)နှစ်ကြား ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိ‌ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများသည် ဇေတဝန်ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား မြေပြင်ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိရာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ၊ရပ်ဖများက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကျိုင်းတုံခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် တာဝန်ရှိသူတို့က ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင် ပြန်/ဆက်