ပင်းတယမြို့နယ် ပေါစံသီးကျေးရွာအဝင်လမ်းကျောက်လမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အောက်ခံလမ်းပြုပြင်နေမှု အခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ပင်းတယ ဩဂုတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ပေါစံသီးကျေးရွာ အဝင်လမ်းကျောက်လမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အောက်ခံလမ်းပြုပြင်နေမှု အခြေအနေအား ဩဂုတ်လ ၅ ရက်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးမျိုးမင်းသန့်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေလွင်ဖြိုး ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပေါစံသီးကျေးရွာအဝင်လမ်းအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်‌ငွေလုံးငွေရင်းရန်ပုံငွေ ၇၈ ဒသမ ၆၁၉ ကျပ်သန်းဖြင့် မေသိင်္ခကုပ္မဏီက ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောက်မှ ကတ္တရာခင်းခြင်း o.343 km 3.66mm 225 mm လမ်းအဖြစ် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)