ရမည်းသင်း သြဂုတ် ၆
ရမည်းသင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတပြည့်ဝစေရန် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို KEC ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ KEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်နိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိူးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့် လည်းကောင်း၊ ခရိုင်အား/ကာမှ လက်ထောက်ညွှန်ကြားရေးမူး ဒေါ်ထက်ထက်ဝင့်က လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးသီဟညိုထွေးက ရေဘေး အန္တရာယ်ကာကွယ်ရေးအသိပညာပေး ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များကို ပြသခဲ့ပြီး ရေဘေးအန္တရာယ်ကာကွယ်ရေးဦးစီးဌာနမှ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဟိန်းပြည့်ဇော်(ခရိုင် ပြန်/ဆက်)