တောင်သာ ဩဂုတ် ၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ် ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာဟိန်းလတ်၏ မှတ်ဉာဏ်ရင့်သန်ထက်မြက်စေရန် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အား အထူးကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့(Book Club)အဖွဲ့ဝင်များမှ စာရေးဆရာ ဟိန်းလတ်၏ မှတ်ဉာဏ်ရင့်သန်ထက်မြက်စေရန် စာအုပ်အားစာဖတ်ဝိုင်းပြုလုပ်ရာ ကျွန်တော့်ခေါင်းကို ခင်ဗျားမြင်ဖူးသလား အဲဒါက လွန်ခဲ့တဲ့ တစ်မိနစ်ကကျုပ်ရဲ့ပခုံးပေါ်မှာရှိ ခဲ့တယ် လူ့ဦးနှောက်က သိပ်ကိုအံ့ဩစရာကောင်းတဲ့အရာပဲ။ သူက မနက်မိုးလင်းပြီး နိုးကတည်းက အလုပ်လုပ်တာ ကျွန်တော်တို့ အလုပ်လုပ်တဲ့အထိ မရပ်ဘူး။ သဘောထား စိတ်ဝင်စားမှုနဲ့ ပြင်းပြတဲ့ စိတ်အားထက်သန်မှုတွေဟာ ကျွန်တော်တို့ဘယ်လောက်မှတ်မိသလဲ ဒါမှမဟုတ် မမှတ်မိသလဲဆိုတာကို ပြတယ်စသည်ဖြင့် အသီးသီးအပြန်အလှန်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)