ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ(၄)ရွာအား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ကျောက်ဆည် ဩဂုတ် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် တောတွင်-မယ်ဇယ်တော-ကျားအိုလေး-တုံလုံကျေးရွာ (၄)ရွာအား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာချင်းဆက်လမ်းသည် အရှည်(၂/၃)မိုင်ရှည်လျားပြီး ယခင်ကမြေသား(ကျောက်မှုန့်ဖြူး) လမ်းဖြစ်ကြောင်းနှင့် ဒေသထွက်ကုန်များနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၈၄.၀၆)ကျပ်သန်း အကုန်အကျခံကာ လမ်းအရှည်(၀.၃)မိုင်အား (၂လက်မx ၄လက်မ)ကျောက်များဖြင့် လမ်းထု(၆)လက်မ၊ လမ်းအကျယ် (၁၆)ပေအထိ ကျောက်ချောလမ်းအဖြစ် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူ၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးသွားပါက တောတွင်-မယ်ဇယ်တော-ကျားအိုလေး-တုံလုံ ကျေးရွာမှ အိမ်ခြေ(၂၉၈)အိမ်၊ လူဦးရေ(၂၇၇၈)ဦးတို့၏ လူမှုဘဝများဖွံ့ဖြိးတိုးတက် လာမည်ဖြစ်ကြောင်းနှင့်အခြားဒေသများနှင့် ကူလူးဆက်သွယ်ရာ၌ အချိန်တိုအတွင်း လွယ်ကူမြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)