တာချီလိတ်မြို့၌ မီးဘေးသင့်အိမ်ထောင်တစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

တာချီလိတ် ဩဂုတ် ၆

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ပါကောင်ကျေးရွာ၌ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်တစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန့်ပေါ်လင်းက ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် တာဝန်ရှိသူများက ဇူလိုင်လ ၃၀ ရက်နေ့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါကောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် မီးဘေးသင့် အိမ်‌ခြေ ၁ လုံး၊ အိမ်ထာင်စု ၁ စုအတွက် ငွေကျပ် ၉၆၅၂၈ တန်းဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ ၂၀၀၀၀၀ ကျပ်၊  ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ၅၀၀၀ ကျပ်၊ စုစုပေါင်း ၂၀၅၀၀၀ ကျပ်ကို မီးဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

‎‎ကျော်ဇေယျာလင်း (ပြန်/ဆက်)