ရပ်စောက်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြိုဟောပြောပွဲ ဆောင်ရွက်

ရပ်စောက် ဩဂုတ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ် အမှတ်(၁) အခြေခံပညာမူလတန်းကြိုကျောင်းနှင့် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြောင်း၊ လူငယ်များနှင့်ကျန်းမာရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်နည်းပညာ အစရှိသည့်ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှလည်း မိမိတို့သိရှိလိုသည်များကို အပြန်လှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုရရှိစေရန်အတွက် ကလေးအလုပ်သမား အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ဆေးလိပ်အန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)