ပူတာအို ဩဂုတ် ၅
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူးဖွင့်လှစ်သော မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းသား/သူများ လက်တွေ့မဲပေးခြင်းများ သရုပ်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည်။
ဦးစွာ သင်တန်းသား/သူများအား အဖွဲ့(၆)ဖွဲ့ဖြင့် မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းများနှင့် စစ်ဆေးရမည့်အချက်အလက်များကို သင်တန်းနည်းပြများက အဖွဲ့လိုက်ရှင်းလင်းပြသခဲ့ပြီး သင်တန်းသား/သူများက လွတ်တော်အလိုက် မဲရုံသရုပ်ပြပုံစံအတိုင်း တစ်ဦးချင်း လက်တွေ့မဲပေးကြသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်း တက်ရောက်နေသော သင်တန်းသား/သူများ မဲပေးစက်ဖြင့် လက်တွေ့လေ့ကျင့်နေမှုနှင့် မဲရုံသရုပ်ပြသပုံစံအတိုင်း လက်တွေ့လုပ်ဆောင်နေမှုများကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအင်ဖုန်တန်နှင့် အဖွဲ့ဝင်များ၊ ပူတာအိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်တန်(ခ)ထီနန်ဇန်ခင်တန်နှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်ကာ သင်တန်းသား/သူများအား အားပေးစကားပြောကြားသည်။
အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ/မများ သင်တန်းသား/သူစုစုပေါင်း(၁၈၇)ဦးတို့အား ပထမအသုတ်အနေဖြင့် သင်တန်း ကာလနှစ်ရက်ကြာ စာတွေ့/လက်တွေ့သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး ပူတာအိုခရိုင်အနေဖြင့် ပူတာအိုမြို့နယ်တွင် ဩဂုတ်(၁၆)ရက်မှ (၂၀)ရက်နေ့အထိ ဒုတိယအသုတ်အနေဖြင့် သင်တန်းသား/သူ(၂၀၀)ဦး၊ မချမ်းဘောမြို့နယ်တွင် ဩဂုတ်(၁၂)ရက်မှ(၁၅)ရက်နေ့အထိ သင်တန်းသား/သူ(၁၄၀)ဦးနှင့် နောင်မွန်မြို့နယ်တွင် ဩဂုတ်(၈)ရက်မှ (၉)ရက်နေ့အထိ သင်တန်းထပ်မံပို့ချဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်ဘေလားခူရ်ဘူဆားရ်မှ သိရသည်။
ဖုန်ကန်(ပြန်/ဆက်)