မိတ္ထီလာ သြဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့်ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း အမျိုးသမီးများဝင်ငွေတိုးရေးလုပ်ငန်းဖြင့် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာ သင်တန်းမှ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)ရှိ လေ့ကျင့်ပျိူးထောင်ရေးစင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်းတီးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ်နှင့် မိတ္ထီလာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှအဖွဲ့ဝင် ဦးကျော်ဇေယျာတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက စက်ချုပ်နည်းပညာသင်တန်းမှ ထူးချွန်သင်တန်းသူ (၅)ဦးအား လုပ်ငန်းသုံးပစ္စည်းနှင့် ဆုများအသီးသီးပေးအပ်ခဲ့သည်။ ၎င်းနောက်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်ဖြူဖြူမြင့်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများက သင်တန်းသူများနှင့်အတူ အမှတ်တရာစုပေါင်းမှတ်ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး သင်တန်းသူများချူပ်ထားသည့် အဝတ်အထည်များအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။
အဆိုပါပေးအပ်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ဝမ်းတွင်းမြို့နယ် နေပူကုန်းအုပ်စု ဇီးကျင်းကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်းတီးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း အမျိုးသမီးများ ဝင်ငွေတိုးရေးလုပ်ငန်းဖြင့် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းမှ ထူးချွန်သည့် သင်တန်းသူ (၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)