ညောင်ဦးခရိုင်အဆင့်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့   လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ညောင်ဦး ဩဂုတ်  ၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အဆင့်စိုက်ပျိုးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဩဂုတ် ၅ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။

အစည်းအဝေးတွင် ခရိုင်စိုက်ပျိုးရေးညှိနှိုင်းအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ် စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က ၂၀၂၅-၂၀၂၆ ခုနှစ် ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေး လျာထားဆောင်ရွက်မှု၊ ကွင်းအလိုက် သီးနှံစိုက်ပျိုးထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ကျောက်ပန်းတောင်း မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်က ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကွင်းအလိုက် ကြက်မောက်တောင်ရေလှောင်တမံရေပေးဝေခြင်းဖြင့် စိုက်ပျိုးထားရှိသည့် သီးနှံများအလိုက် စိုက်ပျိုးထားရှိမှုများကို  ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးတင်ပြ ခဲ့ကြကြောင်းသိရသည်။

ဒီပါလင်း