ညောင်ဦး ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ယွန်းပညာကောလိပ် အစည်းအဝေးခန်းမ၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ ပလတ်စတစ် အစားထိုး အိတ် (၂၀) အိတ်ပေးအပ်ခြင်းနှင့် အမှိုက်ပုံး (၄) ပုံးပေးအပ်ခြင်းအား အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ယွန်းပညာကောလိပ်မှ ကျောင်းအုပ်ကြီး၊ ဒေါ်နီလာမြင့်က အဖွင့်အမှာစကား ပြောကြားခြင်း၊ ညောင်ဦးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်တင့်တင့်အောင်က အမှိုက်အမျိုးအစားခွဲခြား စွန့်ပစ်ခြင်းနှင့် ပလတ်စတစ်လျှော့ချသုံးစွဲခြင်းဆိုင်ရာ သိကောင်းစရာခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်တင့်တင့်အောင်က ယွန်းပညာကောလိပ်မှ ကျောင်းအုပ်ကြီးထံသို့ အမှိုက်ပုံး (၄) ပုံးပေးအပ်ခြင်းနှင့် ပလတ်စတစ် အစားထိုးအိတ် (၂၀) ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာ သည့် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၀) ဦးအား ပလတ်စတစ် သုံးစွဲမှုလျှော့ချခြင်း အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ယွန်းပညာကောလိပ်၊ ကျောင်းသား၊ ကျောင်းသူများမှ အမှိုက်အမျိုးအစားခွဲခြား စွန့်ပစ်ခြင်းသရုပ်ပြပြုလုပ်ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်တင့်တင့်အောင်မှ အမှတ်တရလက်ဆောင်ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း