မိုင်းပျဉ်းမြို့၌ (အငြိမ်းစား) ပင်စင်စားများအား အိမ်တိုင်ရာရောက် UID (Biometric) စာရင်း ဆောင်ရွက်‌ပေး

မိုင်းပျဉ်း ဩဂုတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌(အငြိမ်းစား) ပင်စင်စားများအား အိမ်တိုင်ရာရောက် UID (Biometric) စာရင်း ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရှိရသည်။

မိုင်းပျဉ်းမြို့နယ်ရှိ (အငြိမ်းစား) ပင်စင်စားများအား အိမ်တိုင်ရာရောက် UID (Biometric) ကောက်ယူ၍ UID ထုတ်ပေးခြင်းကို၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော်နှင့် ဝန်ထမ်းများနှင့်အတူ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာနှင့် ဝန်ထမ်းတို့လိုက်ပါ၍ (၄-၈-၂၀၂၅)ရက်နေ့ မွန်းလွဲပိုင်းတွင်  UID ကောက်ယူရန်ကျန်ရှိသည့် ပင်စင်စားများတစ်ဦးချင်းစီ၏ အိမ်များသို့သွားရောက်ကာ  UID ကောက်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)