၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (အမျိုးသား)နှစ်ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့်(အမျိုးသမီး) နှစ်ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းတို့ ပထမ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ

ရန်ကုန်  ဩဂုတ်  ၂

ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်းပိုမိုတိုးတက်မြင့်မား လာစေရန်နှင့်မျိုးဆက် သစ်အားကစား သမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေး ရာဝန်ကြီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)နှစ်ယောက်တွဲအဖွဲ့လိုက် အကြိုဗိုလ်လုပွဲ၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ကိုးသိန်းအားကစားရုံ၌ ကျင်းပခဲ့ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာတာဝန်ရှိ သူများ၊ ဌာနဆိုင်ရာများမှ အကြီးအကဲများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေး ခဲ့ကြသည်။

ယနေ့(အမျိုးသား)နှစ်ယောက်တွဲအဖွဲ့လိုက်အကြိုဗိုလ်လုပွဲပွဲစဉ်များတွင်စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ပွဲ  တစ်ပွဲဖြင့်လည်းကောင်း၊ (အမျိုးသမီး) နှစ်ယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲ ပွဲစဉ်များတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီး အသင်းကိုနှစ်ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင် ရရှိခဲ့ကြသည်။

ဆက်လက်ပြီး(အမျိုးသား)နှစ်ယောက်တွဲ အဖွဲ့လိုက်တတိယလုပွဲပွဲစဉ်တွင် မန္တလေးတိုင်း ဒေသကြီး အသင်းက ကရင်ပြည်နယ် အသင်း ကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး) နှစ်ယောက်တွဲ အဖွဲ့လိုက် တတိယလုပွဲ ပွဲစဉ်တွင် မကွေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်း ဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲ အဖွဲ့လိုက်ဗိုလ်လုပွဲ ပွဲစဉ်တွင်စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်း ကို နှစ်ပွဲ တစ်ပွဲဖြင့် လည်းကောင်း၊ (အမျိုးသမီး) နှစ်ယောက်တွဲ အဖွဲ့လိုက် ဗိုလ်လုပွဲ ပွဲစဉ်တွင် မွန်ပြည်နယ်အသင်းကဧရာဝတီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

 ထို့နောက် ပိုက်ကျော်ခြင်း နှစ်ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲများအပြီးတွင် (အမျိုးသား) သုံးယောက်တွဲ အဖွဲ့လိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ  ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ် အသင်းက ရခိုင်ပြည်နယ်အသင်းကိုနှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထောင်စုနယ် မြေနေပြည်တော်အသင်းကမကွေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်း ကကယားပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်း ကချင်းပြည်နယ်အသင်း ကိုနှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းကတနင်္သာရီ တိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး အသင်းကပဲခူးတိုင်း ဒေသကြီးအသင်းကို နှစ်ပွဲတစ်ပွဲဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

၂၀၂၅ခုနှစ် ဩဂုတ်လ ၂ရက်နေ့နံနက် ၉နာရီမှစတင်၍(အမျိုးသား) သုံးယောက်တွဲ အဖွဲ့လိုက်အုပ်စု ပတ်လည်ပြိုင်ပွဲပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းနှင့်ကရင်ပြည်နယ် အသင်း၊ ကချင်ပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ အကွေးတိုင်းဒေသကြီး အသင်းနှင့် ကယားပြည်နယ်အသင်း၊ ပြည်ထောင်စု

နယ်မြေ နေပြည်တော်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ မန္တလေး တိုင်းဒေသကြီး အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အသင်း၊ချင်းပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအသင်း၊ ပဲခူးတိုင်း

ဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ရခိုင် ပြည်နယ်အသင်း၊ ကရင်ပြည်နယ်အသင်းနှင့်ကချင်ပြည်နယ်အသင်း၊မကွေးတိုင်းဒေသကြီးအသင်းနှင့်ရန်ကုန်တိုင်း

ဒေသကြီးအသင်း ၊ကယားပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ တနင်္သာရီတိုင်း ဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်း၊ မွန်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်း၊ (အမျိုးသမီး) သုံးယောက်တွဲအဖွဲ့လိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ရခိုင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ မွန်ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းနှင့်ရှမ်းပြည်နယ်အသင်း၊ ရခိုင်ပြည်နယ်အသင်းနှင့်ဧရာဝတီတိုင်းဒေသကြီးအသင်း၊ မွန်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ ရှမ်းပြည်နယ်အသင်း နှင့် မန္တလေးတိုင်း ဒေသကြီးအသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အသင်း၊ မကွေးတိုင်း ဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။

အဆိုပါ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို ၂၀၂၅ခုနှစ်ဇူလိုင်လ၃၀ရက် နေ့မှဩဂုတ်လ၇ရက်နေ့ အထိဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ကိုးသိန်း အားကစားရုံ၌ကျင်းပ ပြုလုပ်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့်မည်သူ မဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)