ကျောက်တန်း သြဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေမှော်ဝန်းသာသနာ့ဗိမ္မာန်တွင် ယမန်နေ့နံနက် ၁၀း၀၀ နာရီအချိန်က မြန်မာအီ လက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း အပတ်စဥ် (၆)အား စာတွေ့၊ လက်တွေ့ (၂) ပိုင်းခွဲ၍ ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)စက်အား ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန်နှင့် ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အေးအေးချိုနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ (၁၁၅)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းအား ဇူလိုင်လ (၁၄) ရက်နေ့မှ သြဂုတ် (၁) ရက်နေ့အထိ သင်တန်းအပတ်စဥ် (၆) ခုဖြင့် သင်ကြားပေးခြင်းဖြစ်ကြောင်း သတင်းရသည်။
နေလင်းကျော် (ပြန်/ဆက်)