ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် အသက် (၁၈) နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ချောင်းဆုံ ဩဂုတ် ၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ထူးချွန်သည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသော  အသက် (၁၂) နှစ်အောက် ကျောင်းသား အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲက မြို့နယ်မီတာ (၄၀၀) အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ) ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှူး ဦးလှဌေးက အသက်(၁၂)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အားကစားသမားများမှ အားကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပထမနေ့ ပွဲစဉ်အဖြင့် (ကမာကေးဇုံနှင့် ရွာလွတ်ဇုံ) ဘောလုံးပြိုင်ပွဲ စတင်နိုင်ရန်အတွက် ဘောလုံးကန်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ၂၀၂၅ ခုနှစ် မြို့နယ်ပညာရေးမှူးဖလား အသက်(၁၂)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဇုံအလိုက် အသင်း (၁၀)သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဩဂုတ်လ ၁၉ ရက်နေ့တွင် အကြိုဗိုလ်လုပွဲစဉ်နှင့် (၂၁) ရက်နေ့တွင် ဗိုလ်လုပွဲစဉ်များကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)