ဒဂုံမြို့သစ်‌(တောင်ပိုင်း)မြို့နယ်၌ ပြည်သူ ၂၄၆ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer Comirnaty JN.1) ထိုးနှံပေး

ဒဂုံတောင် ဩဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်သူများကျန်းမာပျော်ရွှင်စွာဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းထိုးပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးလျက်ရှိရာ ဇူလိုင် ၂၉ ရက် နံနက် ၉ နာရီအချိန်က ပြည်သူ ၂၄၆ ဦးအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer Comirnaty JN.1) ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်၏ပံ့ပိုးမှုဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းဝင်များ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ (၆၅)ရပ်ကွက်၊ ပုလဲမွန်အိမ်ရာတွင် ဆောင်ရွက်ပေးကြောင်း သိရသည်။

နေမျိုးအောင်