ကျောက်ဆည် ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာ၊ မဟာရွှေသိမ်တော်ဆုတောင်းပြည့်ဘုရား ကေသီဦးဓမ္မရုံ၌ ယနေ့ မွန်းတည့်(၁၂)နာရီက မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲ၌ အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆပ်ကပ်လှူ ဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများက နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တာမောက္ခာ ရွှေစေတီကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တပညာသာမိ မဟာဂန္ဓဝါစကကဏ္ဍိတ ရွှေစေတီကျောင်းတိုက် ဆရာတော်မှ အောင်လက်မှတ်ဆပ်ကပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းမိန့်ကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းနှင့်တာဝန်ရှိသူများက ပင့်သံဃာဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များ အား ဝတ္ထုငွေ၊သင်္ကန်းခြင်းများနှင့် စာအောင်လက်မှတ်၊ စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဩဝါဒါစရိယရွှေကူညီကျောင်း ဆရာတော် ဘဒ္ဒန္တဇနိတာဘိဝံသ ဆရာတော်ထံမှ ရေစက်သွန်းချ အနုမောဒနာ တရားနာယူကြည်ညိုခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံသိရံတိဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲတွင် အဌအအဆင့်၊ သတ္တမအဆင့်၊ ဆဌအဆင့်၊ ပဉ္စမဆင့်၊ စတုတ္ထအဆင့်၊ တတိယအဆင့်၊ ဒုတိယအဆင့်၊ ပထမအဆင့်နှင့် မူလအဆင့် စုစုပေါင်း စာအောင်သံဃာ(၂၀၀)ပါး အောင်မြင်တော်မူခဲ့ကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်