တာချီလိတ်မြို့၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID ကတ်များ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

တာချီလိတ် ဇူလိုင် ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) မိဘပြည်သူများအား Biometric Data ကောက်ယူ၍ UID (Unique Identity) ကတ်များ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး လက်ထောက်မြို့နယ်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာ ထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပြည်သူများ၏ Biometric data အချက်အလက်များ စိစစ်ကောက်ယူခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေ Scan ဖတ်ခြင်း၊ လိုအပ်သည့် ကိုယ်ရေး အချက်အလက်များ ထည့်သွင်းခြင်းတို့ ပြုလုပ်ကာ UID နံပါတ်ကတ်များ ဆောင်ရွက်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနိုင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးနှင့် တာဝန်ရှိသူများက လိုက်ခံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

တာချီလိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်ထုတ်ယူနေသော နိုင်ငံဝန်ထမ်းအငြိမ်းစား ၁၀၀၀ ကျော်ရှိပြီး လစဉ်ပုံမှန်ပင်စင်ထုတ်ယူသူ ၅၀၀ ကျော်ရှိကာ Biometric data ကောက်ယူ၍ UID (Unique Identity) ထုတ်ပေးခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၁ ရက်မှ ၃၁ ရက်နေ့ထိ ဆောင်ရွက်ပေးရာ ယနေ့ထိ နိုင်ငံဝန်ထမ်းအငြိမ်းစား ၅၀၀ ဦးခန့်အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသူများအား သက်ဆိုင်ရာရပ်ကွက်အလိုက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)