တပ်ကုန်း ဇူလိုင် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာ “ရွှေဟင်္သာ” စာကြည့်တိုက်နှင့် ကြက်သွန်ခင်းကျေးရွာ “အလင်းတံခါး” စာကြည့်တိုက်အဆောက်အအုံ သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်များရှေ့၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကင်းသာကျေးရွာ “ရွှေဟင်္သာ” စာကြည့်တိုက်နှင့် ကြက်သွန်ခင်းကျေးရွာ “အလင်းတံခါး” စာကြည့်တိုက်အဆောက်အအုံသစ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် စာကြည့်တိုက်မှူးများနှင့် သက်ဆိုင်ရာကျေးရွာတာဝန်ရှိသူများအား စာကြည့်တိုက်ဆိုင်ရာအချက်အလက်များ၊ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ပြီး စာကြည့်တိုက်များအတွင်း ကျောင်းသား၊ လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
တင်စိုးလွင်