မိုးနဲ ဇူလိုင် ၃၁
ရှမ်းပြည်နာ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယနေ့ခေတ် နည်းပညာများလျှင်မြန် စွာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားလျက်ရှိသဖြင့် ကြိုတင်သတိထားလိုက်နာရမည့်အချက်များ အသိပညာပေးဆွေးနွေးခြင့်ကို မြို့နယ်ဥပဒရုံး၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ဥပဒေအရာရှိ ဦးရဲမင်းထွဋ်က အင်တာနက်အွန်လိုင်း အသုံးပြု၍ လူပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့အစည်းများထံမှ ငွေကြေးနှင့် အချက်အလက်များ လိမ်လည် လှည့်ဖြားရယူခြင်းများ၊ အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများအား သတိပြုဆင်ခြင်နိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့ပြီး ပညာပေးဗီဒီယိုကလစ်များပြသခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)