မြစ်ကြီးနား ဇူလိုင် ၃၀
၂၀၂၅ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား) ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ်လက်ရွေးစင်ဖူဆယ်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အစည်းဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်လက်ရွေးစင်ဖူဆယ်အသင်း(အမျိုးသား) နည်းပြချုပ် ဦးမျိုးမင်းသန့်က လက်ရွေးစင်းအသင်း၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက ကချင်ပြည်နယ်လက်ရွေးစင်ဖူဆယ်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ကာ လက်ရွေးစင်အသင်းအတွက် ငွေကျပ်သိန်း (၆၀)အား ထောက်ပံ့ချီးမြှင့်ပေးအပ်ပြီး ကချင်ပြည်နယ်လက်ရွေးစင်ဖူဆယ်အသင်း အုပ်ချုပ်သူ၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးသန်းဌေးကိုက ကတိပြုစကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)