မဟာအောင်မြေမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား Unique ID  ကွင်းဆင်းထုတ်ပေးလျက်ရှိ

မဟာအောင်မြေ ဇူလိုင် ၃၀

မန္တလေးတိုင်းဒေသကြီး၊မဟာ‌အောင်မြေမြို့နယ်ရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက်များကောက်ယူပြီး Unique Identity (UID)ကောက်ယူခြင်းလုပ်ငန်းကို ဇူလိုင် ၃၀ရက် နံနက်ပိုင်းက မန္တလေးမြို့မြန်မာ့စီပွားရေးဘဏ်(၁)၌ ကွင်းဆင်းဆောင်ရွက်‌ပေးသည်။

ထိုသို့ဆောင်ရွက်ပေးမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဟိန်းကျော်အောင်၊ မြို့နယ်ဦးစီးမှူးဦးကောင်းမြတ်ကျော်၊ မြန်မာ့စီးပွားရေးဘဏ်မှ မန်နေဂျာနှင့် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

‎‎အောင်ဇော်မင်း