ဒလ ဇူလိုင် ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဥ်ဖြင့် Bakery မုန့်အမျိုးမျိုးစားသောက် ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက် အလယကျောင်းတိုက်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့သည်။
ဦးစွာ ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ဆွေဇင်အေးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများကသင်တန်းဆင်းလက်မှတ်၊ လုပ်ငန်းသုံးပစ္စည်းများနှင့်သင်တန်းထုတ် ကုန်ပစ္စည်းများ ပေးအပ်ခဲ့ရာသင်တန်းသူ၊ သင်တန်းသားများကလက်ခံရယူခဲ့ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုင်းအောင်မြတ်နှင့်အဖွဲ့ဝင်များ၊ တက်ရောက်လာကြသော မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသူများ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သန်လျင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသူ၊ သင်တန်းသားများ စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ကြသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)