ပြည်ကြီးတံခွန်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID)ကဒ်များ နေ့ချင်းပြီး ဆောင်ရွက်

ပြည်ကြီးတံခွန် ဇူလိုင် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (က)ရပ်ကွက်၊ ၁၁၃လမ်း၊ ၆၅Bလမ်းရှိ အောင်တံခွန်ဓမ္မာရုံတွင်နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ယနေ့နံနက် ၁၀ နာရီက Biometric (UID)ကဒ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း သိရသည်။

အဆိုပါ ပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်သွင်နှင့်ဝန်ထမ်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဝင်းဗိုလ်တို့က ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်း ၃၅ ဦးတို့အား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ယင်းအခမ်းအနားသို့ မဟာအောင်မြေခရိုင်လဝကဦးစီးမှူး ဦးဟိန်းကျော်အောင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့်အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းအောင်မျိုး၊ အတွင်းရေးမှူးရဲမှူး ဇေယျာသန်းတို့က တက်ရောက်ခဲ့ပြီး ခရိုင်လ၀ကဦးစီးမှူး ဦးဟိန်း‌‌ကျော်အောင်က Biometric (UID)ကဒ် ပြုလုပ်ပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းမောင်