ညောင်ဦး ဇူလိုင် ၂၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်း အဝေးခန်းမ၌ ဇူလိုင် ၂၉ ရက် ညနေ ၃ နာရီက ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုကအဖွင့်အမှာစကားပြောကြားပြီး၊ ညောင်ဦးခရိုင် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်မြင့်မြင့်သန်းက သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများအား ဆွေးနွေးတင်ပြသည်။ ထို့နောက် ညောင်ဦးခရိုင် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များမှ ဆွေးနွေးတင်ပြကြကာ ညောင်ဦးခရိုင် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း